Help Center

Frequently Asked Questions

General

LIVEPlaza တွင် ၀ယ်သူအဖြစ် ဘယ်လို မှတ်ပုံတင်ရမလဲ ? 

၀ယ်သူအ ​​ ဖြစ် မှတ်ပုံတင်ရန် ကျေးဇူးပြု၍ ဤနေရာ (--- Website link) ကိုနှိပ်ပါ။

-“ အကောင့်မှတ်ပုံတင်ရန် ကိုနှိပ်ပါ။

- သင်၏အမည်၊ အီးမေးလ်နှင့်စကားဝှက်ကိုရိုက်ထည့်ပါ

" အကောင့်မှတ်ပုံတင်မယ် ကိုနှိပ်ပါ။

အသေးစိတ်အချက်အလက်များသိရှိနိုင်ရန် ကျေးဇူးပြု၍ ဤနေရာကိုနှိပ်ပါ (--- User guide link)

မှာယူထားသော အော်ဒါများကို ဘယ်အချိန်ရနိုင်သလဲ ?

အော်ဒါအတည်ပြုချိန်မှ ၄၈ နာရီမှ ၇၂ နာရီအတွင်း အရောက်ပို့ပေးပါမည်။

ပစ္စည်းမှာယူပြီး အော်ဒါအခြေအနေကို ဘယ်လိုသိနိုင်သလဲ?

မှာယူထားသော အော်ဒါ ခြေရာခံခြင်းကို ရရှိနိုင်အောင် ကျွန်တော်တို့မှ ကြိုးစားလုပ်ဆောင်နေပါသည်။ မှာယူထားသော အော်ဒါအခြေအနေကိုသိရှိလိုလျှင် Customer Service သို့ဆက်သွယ်နိုင်ပါသည်။

ရောင်းသူသည် ပစ္စည်းမှားပို့လျှင် ဘယ်လိုဖြစ်မလဲ?

ရောင်းသူ၏ ပစ္စည်းပြန်ပို့ခြင်းဆိုင်ရာ မူဝါဒ (T&C) ပေါ်တွင်မူတည်ပါသည်။

ပစ္စည်းအော်ဒါ ဘယ်လိုတင်ရမလဲ ?

ဝယ်ယူလိုသော ပစ္စည်းကို ရွေးချယ်ပြီးလျှင်

- မိမိဝယ်ယူလိုသော ပမာဏကို ရွေးချယ်ပါ။   

ခြင်းထဲသို့ပစ္စည်းထည့်ရန် " စျေးခြင်းသို့ထည့်မယ် " ကိုနှိပ်ပါ၊

- ငွေရှင်းရန် အဆင်သင့်ဖြစ်လျှင်၊ " ပစ္စည်းများကိုဝယ်ယူခြင်း " ကိုနှိပ်ပါ။

- ငွေပေးချေမှု ရွေးချယ်ပြီး ယခုငွေပေးချေမည် ကိုနှိပ်ပါ။

Customer Service  အီးမေးလ် သို့မဟုတ် Customer Service  ဖုန်းနံပါတ် ?

customer.service@liveplaza.co

info@liveplaza.co

Customer Service ဖုန်းနံပါတ် - +95 9442 766 814, +95 9442 766 876

Customer Service  ဝန်ဆောင်မှု အချိန် ?

မနက် : ၃၀ မှ ညနေ : ၀၀ ( တနင်္လာနေ့ မှ သောကြာနေ့ )

မနက် : ၃၀ မှ နေ့လည် : ၀၀ ( စနေနေ့ )

LIVEPlaza  မှ အစားထိုးခြင်းလဲလှယ်မှုများကို ဆောင်ရွက်ပေးပါသလား ?  

ကျွန်တော်တို့သည် ချွတ်ယွင်းနေသော သို့မဟုတ် ပျက်စီးနေသော ပစ္စည်းများကိုသာ အစားထိုးပြီး ငွေလက်ခံရရှိသည့်နေ့မှ 24 နာရီအတွင်း လူကြီးမင်းမှ   စာရင်းသွင်းတောင်းဆိုမှုများ ပြုလုပ်ရပါမည်။

ပစ္စည်းအစားထိုးလဲလှယ်မှုအတွက် Customer Service သို့ ဆက်သွယ်ပေးပါ။

ပစ္စည်းတစ်မျိုးတည်းကို   စျေးနှုန်းက ဘာကြောင့်အမျိုးမျိုး ဖြစ်နေတာလဲ ?

 

ကျွန်တော်တို့ LIVEPlaza သည် ရောင်းသူ၊ဝယ်သူ တစ်နေရာတည်းတွင် အဆင်ပြေချောမွေ့ စွာ ရောင်းဝယ်နိုင်သော Online Platform တစ်ခု ဖြစ်ပါသည်။ ကျွန်တော်တို့ LIVEPlaza တွင် ရောင်းချသူများအလိုက် ပစ္စည်းဈေးနှုန်း မတူညီနိုင်သောကြောင့် လူကြီးမင်း၏ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါသည်။

လက်ရှိ  COVID -19 ကပ်ရောဂါ အခြေအနေ ကာလအတွင်း LIVEPlaza  မှ ဝန်ဆောင်မှုများ ဆက်လက်လုပ်ဆောင်ပေးပါသလား ?

LIVEPlaza မှ ဝန်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်နေပါသည်။ အပြောင်းအလဲရှိပါက ကျွန်တော်တို့၏ LIVEPlaza Channel များမှ ဆက်သွယ်ပေးပါမည်။

အော်ဒါဘာကြောင့် Cancel ဖြစ်သွားရသလဲ ?

လူကြီးမင်း၏ အော်ဒါများသည်

- ပစ္စည်းကုန်သွားပါက သို့မဟုတ် ရောင်းသူမှ စျေးနှုန်းမှားယွင်းပါက အော်ဒါကို ပယ်ဖျက်ပါမည်။

- အော်ဒါမှာယူမှုကို အတည်မပြုရသေးလျှင်၊ ငွေပေးချေမှုကို ဆိုင်းငံ့ထားလျှင် သို့မဟုတ် Delivery team မှ ပစ္စည်းပို့ဆောင်ရန် ကြိမ် ဆက်သွယ်၍ မရလျှင် အော်ဒါကို ပယ်ဖျက်ပါမည်။

- ကျွန်တော်တို့သည် လူကြီးမင်းတို့၏ ပစ္စည်းအော်ဒါများကို လုံခြုံစွာ ပေးပို့ခြင်းကို   ဦးစားပေးပါသည်။ ထို့ကြောင့် အော်ဒါမှာယူမှုကို အတည်မပြုနိုင်ပါက သို့မဟုတ် ပစ္စည်းပေးပို့ရန်ဆက်သွယ်၍မရလျှင်

  မှာယူမှုကို ပယ်ဖျက်ပါမည်။

ပစ္စည်းမှာယူမှုကို အတည်ပြုပြီးဖြစ်ကြောင်း ဘယ်လိုသိနိုင်သလဲ ?

လူကြီးမင်း၏ အီးမေးလ်နှင့် SMS မှတဆင့် အတည်ပြုထားသောအော်ဒါကို ပြေစာပေးပို့ပါမည်။

စကားဝှက် မေ့နေပါသလား ?

- စကားဝှက်ပြောင်းလဲရန် LIVEPlaza ပင်မစာမျက်နှာ၏အပေါ်ဘက် ညာဘက်ထောင့်ရှိ " အကောင့်ဝင်ရန် " ကိုနှိပ်ပါ။

- “ စကားဝှက်ပြောင်းရန် ကိုနှိပ်ပါ။

- စာရင်းသွင်းထားသော အကောင့်၏ အီးမေးလ်ကိုဖြည့်ပြီး " အတည်ပြုရန် " ကိုနှိပ်ပါ။

ပစ္စည်းပြန်လည်လဲလှယ်ခြင်းအတွက် ဝန်ဆောင်ခပေးရပါသလား?

ပစ္စည်းပြန်လည်ပို့ဆောင်ခြင်းအတွက် ဝန်ဆောင်ခ အခမဲ့ဖြစ်သော်လည်း ပို့ဆောင်ခ ပေးဆောင်ရပါမည်။
အကောင့်ကို ဘယ်လိုပိတ်ရမလဲ ?

အကောင့်ပိတ်ရန်၊ Customer Service Team ကို ဆက်သွယ်ပေးပါ။

ပစ္စည်းအော်ဒါအတွက် ပြေစာမရပါ။

ပြေစာမရရှိပါက ကျေးဇူးပြု၍ လူကြီးမင်း၏ အီးမေးလ်ကို စစ်ဆေးပေးပါ။ ပစ္စည်းမှာယူပြီး ၂၄ နာရီအတွင်း လူကြီးမင်းစာရင်းသွင်းထားသော အီးမေးလ်လိပ်စာသို့ ပြေစာပေးပို့ထားပါသည်။

2-Step Verification

2-steps verification ဆိုတာ ဘာလဲ?

 2-steps verification (2FA) သည် သုံးစွဲသူ၏ အထောက်အထားနှင့် ဝင်ရောက်ခွင့် တို့ကို စီမံနိုင်သော လုံခြုံရေးနည်းလမ်းတစ်ခုဖြစ်ပါသည်။ ထိုနည်းလမ်းသည် အထောက်အထားတောင်းခြင်း နည်းလမ်းနှစ်မျိုးဖြင့် ဒေတာနှင့် အချက်အလက်များကို လုံခြုံအောင် လုပ်ဆောင်ထားသည်။ သုံးစွဲသူသည် မိမိ၏ အကောင့်သို့ဝင်ရန် လျို့ဝှက်ကုတ်သာလျှင် လိုအပ်မည် မဟုတ်ဘဲ authenticator အက်ပလီကေးရှင်းမှ ကုဒ်နံပါတ် ခြောက်လုံးပါ လိုအပ်မည် ဖြစ်ပါသည်။

 LIVEPlaza တွင် 2-step verification ကို မည်သို့လုပ်ဆောင်ရမလဲ?

LIVEPlaza တွင် သုံးစွဲသူများ၏ အကောင့်လုံခြုံရေးအတွက် ၎င်းတို့၏ အသုံးပြုသူအမည် နှင့် လျှို့ဝှက်ကုဒ်တွင်  2-step verification, 2FA လို့ လူသိများသည့် လုံခြုံရေးအလွှာတစ်ခု ထပ်ခံထားခြင်းကို လုပ်ဆောင်နိုင်ပါသည်။ အကယ်၍ အသုံးပြုသူသည် သူ၏အကောင့်တွင် 2FA ကို လုပ်ဆောင်ထားပါက အကောင့်ဝင်ရာတွင် လျို့ဝှက်ကုတ်သာလျှင် လိုအပ်မည် မဟုတ်ဘဲ authenticator အက်ပလီကေးရှင်းမှ ကုဒ်နံပါတ် ခြောက်လုံးပါ လိုအပ်မည် ဖြစ်ပါသည်။ အကယ်၍ သုံးစွဲသူတွင် authenticator အက်ပလီကေးရှင်း မရှိပါက ဖော်ပြထားသော အက်ပလီကေးရှင်းများကို ထောက်ခံချက်ပေးပါသည်။ ( Google Authenticator, Microsoft Authenticator )


လုပ်ဆောင်ပုံ အဆင့်ဆင့်


1. မိမိ၏ LIVEPlaza  အကောင့်သို့ဝင်ပါ။


2. မိမိ၏ အကောင့်ပုံကို နှိပ်၍ “My account” ထဲသို့ဝင်ပါ။


3.“My account” စာမျက်နှာတွင် 2-step verification ကို ပြုလုပ်နိုင်ပါသည်။ “Set up” ကိုနှိပ်ပါ။


3. ပုံတွင်ဖော်ပြထားသကဲ့သို့ QR Code တစ်ခုကိုတွေ့ပါမည်။ Desktop နှင့် Laptop အသုံးပြုသူများအနေနှင့် ပေါ်လာသော QR ကုဒ်ကို မိမိ၏ မိုဘိုင်းဖုန်းထဲမှ authenticator app မှတဆင့် Scan ဖတ်ပါ။  မိုဘိုင်းဖုန်းမှ ဝင်ရောက်သူများအနေနှင့် QR ကုဒ်ကို နှိပ်လိုက်လျှင် မိမိတို့ ဖုန်းထဲတွင် ထည့်သွင်းထားသော authenticator  appများ ပေါ်လာမည်ဖြစ်ပါသည်။ မိမိအသုံးပြုလိုသော app ကိုနှိပ်ပါ။ အကယ်၍  ထည့်သွင်းထားသော app မပေါ်လာပါကလည်း အောက်တွင်စာသားအနီရောင်ဖြင့် ဖော်ပြထားသော QR ကုဒ်၏ key ကိုကူး၍ authenticator app ထဲတွင် ကိုယ်တိုင် Set up ပြုလုပ်နိင်ပါသည်။ အကယ်၍ authenticator app မရှိပါက  ထည့်သွင်းရန်လိုအပ်ပါသည်။


4. Authenticator App ထဲတွင်ပြထားသော နံပါတ် (၆)လုံး ကို  Security Code နေရာ တွင်ထည့်ပေးပြီး၊ Enable ကိုနှိပ်ပေးပါ။


အထက်ပါပုံအတိုင်းတွေ့မြင်ရလျှင် သင်၏ အကောင့်တွင် 2-steps Verification ကို Setup လုပ်ပြီးပါပြီ။


မိမိ အကောင့်မှ 2-steps Verification ကို မည်သို့ ဖယ်ရှားရမလဲ?


1. မိမိ၏ LIVEPlaza အကောင့်သို့ဝင်ပါ။


2. အကောင့် Profile ကိုနှိပ်၍ “My Account” သို့သွားပါ။


3. “My Account”စာမျက်နှာတွင် 2-steps verificationကို ဖယ်ရှားခြင်း ပြုလုပ်နိုင်ပါသည်။ Disable ကိုနှိပ်ပါ။


4. ဖယ်ရှားခြင်းပြုလုပ်ရန်အတွက် Authenticator App ထဲတွင်ပြထားသော နံပါတ် (၆)လုံး ကို Security Code နေရာတွင်ထည့်ပေးပြီး၊ Disable ကိုနှိပ်ပေးပါ။


အောက်ဖော်ပြပါ ပုံထဲက အတိုင်းဖြစ်သွားပြီဆိုလျှင် 2-steps Verificationကို ဖယ်ရှားပြီးသွားပြီ ဖြစ်ပါသည်။


သတိပြုရန်။   ။ အကယ်၍ သင်၏ မိုဘိုင်းဖုန်းထဲမှ Authenticator App အား မတော်တဆ Uninstall လုပ်မိပါက LIVEPlaza ထဲသို့ Login ဝင်လို့ရတော့မည်မဟုတ်ပါ။

Customer Service သို့ဆက်သွယ်ကာ Two-Factor Authentication အား Disable လုပ်ရန် တောင်းဆိုနိုင်ပါသည်။

Customer Service ဖုန်းနံပါတ်: +95 9442 766 814, +95 9442 766 876


2-step Verification ကို device အသစ်တစ်ခု သို့မဟုတ် authenticator app အသစ်တစ်ခုကို မည်သို့ ပြောင်းလဲရမလဲ?

1. မိမိ၏ LIVEPlaza အကောင့်သို့ဝင်ပါ။


2. အကောင့် Profile ကိုနှိပ်၍ “My Account” သို့သွားပါ။


3. “My Account”စာမျက်နှာတွင် 2-steps verificationကို ‌ပြောင်းလဲခြင်း ပြုလုပ်နိုင်ပါသည်။ Change ကိုနှိပ်ပါ။


4. ဖယ်ရှားခြင်းပြုလုပ်ရန်အတွက် Authenticator App ထဲတွင်ပြထားသော နံပါတ် (၆)လုံးကို Code နေရာတွင်ထည့်ပေးပြီး "Verify" ကိုနှိပ်ပေးပါ။


5. ထို့နောက် OR ကုဒ်ကို device အသစ်တစ်ခုနှင့် သို့မဟုတ် authenticator app အသစ်တစ်ခုနှင့်  ပြန်၍ Scan လုပ်ပါ။


6. Authenticator App ထဲတွင်ပြထားသော နံပါတ် (၆)လုံး ကို  Security Code နေရာ တွင်ထည့်ပေးပြီး၊ Enable ကိုနှိပ်ပေးပါ။


အထက်ပါပုံအတိုင်းတွေ့မြင်ရလျှင် သင်၏ အကောင့်တွင် authentication ကို device အသစ်တွင် ပြောင်းလဲခြင်း သို့မဟုတ် အခြား authenticator app နှင့် ပြောင်းလဲခြင်း လုပ်ဆောင်ချက် ပြီးမြောက်ပြီ ဖြစ်ပါသည်။


အစမ်းမေးခွန်း

အစမ်းအဖြေ

Delivery

ပစ္စည်းပို့ရန်လိပ်စာအသစ်ကို ဘယ်လိုထည့်ရမလဲ ?

ပစ္စည်းပို့ရန်လိပ်စာအသစ်တစ်ခုထည့်ရန်၊ “ မိမိ ကိုယ်ရေးအချက်အလက် ” ကိုနှိပ်ပြီး “ ပို့ဆောင်ရေး လိပ်စာ ” အသစ်ကိုထည့်ပါ သို့မဟုတ် " ငွေတောင်းခံလွှာ လိပ်စာအသစ် " ကိုထည့်ပါ။

COVID-19  ကြောင့် ပစ္စည်းပေးပို့မှု နှောင့်နှေးမှုရှိပါသလား ?

ကျွန်တော်တို့သည် အချိန်တိုအတွင်း လူကြီးမင်းတို့၏ ပစ္စည်းများကို ပို့ဆောင်ပေးနိုင်ရန် အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေပါသည်။ ဖုန်းခေါ်ဆိုမှု၊ အီးမေးလ် သို့မဟုတ် SMS မှတစ်ဆင့် လူကြီးမင်းတို့၏ မှာယူမှု အော်ဒါများအကြောင်း အကြောင်းကြားပေးပါမည်။ လူကြီးမင်းတို့၏ ဘေးကင်းလုံခြုံမှုသည် ကျွန်တော်တို့၏ ဦးစားပေးဖြစ်ပါသည်။

ပစ္စည်းပို့ရန်လိပ်စာအသစ်ကို ဘယ်လိုထည့်ရမလဲ?

ပစ္စည်းပို့ရန်လိပ်စာအသစ်တစ်ခုထည့်ရန်၊ မိမိ ကိုယ်ရေးအချက်အလက် ကိုနှိပ်ပြီး ပို့ဆောင်ရေး လိပ်စာ အသစ်ကိုထည့်ပါ သို့မဟုတ် " ငွေတောင်းခံလွှာ လိပ်စာအသစ် " ကိုထည့်ပါ။

မှာယူထားသော ပစ္စည်းအော်ဒါများကို ပို့ဆောင်ပေးရန် ကြိုတင်အကြောင်းကြားပေးပါသလား ?

ကျွန်တော်တို့၏ Delivery team မှ   လူကြီးမင်း၏တည်နေရာအတိအကျကို အတည်ပြုပြီး လူကြီးမင်းထံ ပေးပို့ရန်အတွက် ကြိုတင်ဆက်သွယ်ပါလိမ့်မည်။ ပစ္စည်းအော်ဒါများအား ပို့ဆောင်ပြီးသည်နှင့် လူကြီးမင်းမှ SMS အကြောင်းကြားချက်ကို ရရှိမည်ဖြစ်သည်။

မှာယူထားသော အော်ဒါ နောက်ကျနေပါတယ်

လူကြီးမင်း၏ မှာယူထားသော အော်ဒါ နောက်ကျနေသည့်အတွက် တောင်းပန်ပါသည်။ အခြေအနေ အချိန်အတော်ကြာ မပြောင်းလဲပါက Customer Service ဖုန်းနံပါတ် - +95 9442 766 814, +95 9442 766 876 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ သို့မဟုတ် LIVEPlaza Live Chat မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်။  

အော်ဒါမှာယူပြီး ပို့ဆောင်ရန် လိပ်စာကို ပြောင်းလဲ၍ ရပါသလား ?

အော်ဒါမှာယူပြီးပါက ပို့ဆောင်ရန် အချက်အလက် အသေးစိတ် ကို ပြောင်းလဲ၍ မရပါ။ သို့သော် အော်ဒါမှာယူမှု ကို ပယ်ဖျက်ပြီး လိပ်စာအမှန်ဖြင့် ပြန်လည်မှာယူနိုင်ပါသည်။

ပစ္စည်းပြန်လည်ပေးပို့ရန် ဘယ်လောက်ကြာမလဲ ?

ပစ္စည်းပြန်လည်ပေးပို့ရန် စာရင်းသွင်းပြီး၊ လူကြီးမင်းဆီမှ ပစ္စည်းကောက်ယူပြီးပါက 7 ရက်မှ 10 ရက်အထိ ကြာနိုင်ပါသည်။

 

ပစ္စည်းများကို ရန်ကုန်မြို့တွင်းသာ ပို့ ပေးသည်လား ?

ပစ္စည်းများကို မြန်မာနိုင်ငံတစ်ဝှမ်း   စာတိုက်ရှိသော လိပ်စာများအားလုံးသို့ ပို့ဆောင်ပေးပါသည်။

LIVEPlaza မှ ဘယ်လိုငွေကြေးအမျိုးအစား လက်ခံပါသလဲ?

မြန်မာကျပ်ငွေကိုသာ လက်ခံပါသည်။

Payment

LIVEPlaza တွင် မည်သို့ငွေပေးချေရမည်နည်း။

ငွေပေးချေမှုနည်းလမ်းများ

- ပစ္စည်းရောက်ငွေချေခြင်း (COD)

- ဘဏ်နှင့်ငွေချေခြင်း (K Pay CB Pay & KBZ CB mobile banking)