(Dubai)နိုင်ငံမှ ထုတ်လုပ်ထားပြီး မွှေးညှင်းပေါက်ရှိသည့် နေရာတိုင်း အသုံးပြုနိုင်သည့် ဆေးလေးဖြစ်ပါသည်။အသက် (12)နှစ်မှစပြီး အမျိုးသားများကော၊ အမျိုးသမီးများပါ အသုံးပြု နိုင်ပါသည်။ဆေးလေးတစ်ဗူးတွင် 50ml ပါဝင်တာ ဖြစ်သည့်အတွက် တစ်ဗူးကို တစ်လကျော်လောက် အသုံးပြု နိုင်ပါသည်။ ဆေးကို မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်လိမ်းပေးခြင်းဖြင့် 2ပတ်ကျော်တွင် မွှေးညှင်းများ သိသိသာသာ စတင်ထွက်လာပါမည်။အမွှေးပေါက်နှုန်း အားနည်းသည့် သူများအနေဖြင့် ဆေးကုန်ခါနီးမှ သိသာလာတာမျိုးတွေလည်း ရှိတတ်ပါသည်။အဓိက အချက်သည် ဆေးကိုရက်မပြတ်ပဲ အသားအရည် အတွင်းပိုင်းအထိ စိမ့်ဝင်သွားအောင် ပုံမှန်အသုံးပြုပေးရမှာ ဖြစ်ပါသည်။ မိမိစိတ်တိုင်းကျသည့် အနေအထားရောက်လျှင် ဆေးအသုံးပြုခြင်းကို ရပ်လိုက်လို့လည်းရပါသည်။ဆေးရပ်လိုက်ခြင်းကြောင့် နဂိုတိုင်းပြန်ဖြစ်ခြင်း၊ Side Effect များဖြစ်ခြင်း စသည်တို့ လုံးဝမရှိပါ။
အသုံးပြုသင့်သည့်သူများ
ဆံသားပါးသည့်သူများ၊ ထိပ်ပြောင်သည့်သူများ၊ ပါးသိုင်း/မုတ်ဆိတ် ပေါက်ချင်သည့်သူများ၊ မျက်ခုံးမွှေး၊ ရင်ဘတ်မွှေး စသဖြင့် မွှေးညှင်းပေါက်အားနည်းသည့်သူများ အသုံးပြုနိုင်ပါသည်။
အသုံးပြုနည်း
ပါးသိုင်း/မုတ်ဆိတ်အတွက်လိမ်းနည်း_ မျက်နှာတွင် အသုံးပြုပေးရမှာ ဖြစ်သည့်အတွက် ဆေးမလိမ်းခင် မျက်နှာကို အရင်သန့်စင်ပေး ရပါမည်။မျက်နှာသစ်ပြီး ရေလေးတွေခြောက်အောင် သုတ်ပြီးသွားလျှင် ဆေးလေး 2-3စက် လောက်ယူကာ ပါးသိုင်းနေရာမှ မွှေးညှင်းပေါက်လေးတွေထဲသို့ ဆေးလေးတွေ စိမ့်ဝင်သွားအောင် လက်ကလေးဖြင့် 5မိနစ်လောက် နှိပ်နယ်ပြီး လိမ်းပေးရပါမည်။
ဆံသားအတွက်အသုံးပြုနည်း -ဆံသားအတွက် အသုံးပြုရာတွင် ရှိနေပြီးသား ဆံသားတွေအပေါ် ဆေးကိုလိမ်းပေးရမည်မဟုတ်ပဲ ဆံသားပေါက်ရာ ဦးရေပြားအရင်း၌ အသုံးပြုပေး ရပါမည်။ ဆေးပမာဏ 3-4စက် လောက်ယူကာ ဆံသားပါးသည့် ဦးရေပြားအတွင်းသို့ ဆေးလေးတွေစိမ့်ဝင်သွားအောင် လက်ကလေးဖြင့် 5မိနစ်လောက် နှိပ်နယ်ပြီး လိမ်းပေးရပါမည်။
မျက်ခုံးအတွက်အသုံးပြုနည်း-မျက်ခုံးမွှေးပေါက်ရာ လမ်းကြောင်းတိုင်း တစ်ဖက်ကို ဆေးပမာဏ တစ်စက်လောက်သုံးကာ မျက်ခုံးသားမွှေးညှင်းလေးတွေထဲသု့ိ ဆေးစိမ့်ဝင်သွားအောင် အသုံးပြုပေးရပါမည်။
(ဆေးအာနိသင် ထိရောက်မှုရှိစေရန် မနက်တစ်ကြိမ် ညတစ်ကြိမ်ပုံမှန် အသုံးပြုပေးရပါမည်)
အကြံပြုစာ ရေးမယ်
You must be logged in to post a review.
Once the user has seen at least one product this snippet will be visible.